http://ict.com.mm/how-to/kali-linux-os-for-hackers/
ယနေ့ IT လောကမှာ OS တွေ ထုနဲ့ဒေး ရှိနေကြပါပြီ။ အဲဒီလို 0S ပေါင်း သောင်းခြောက်ထောင်ထဲကမှ Microsoft က ထုတ်လုပ်ထားတဲ့ Windows OS တွေကတော့ လူသုံး အများဆုံးအဖြစ် ရပ်တည်နေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Windows XP, Vista, Windows 7, Windows 8 စတာတွေကို free version အနေနဲ့ အလကားသုံးခွင့် ရနေကြပါတယ်။ ဒါပေမယ့် တခြား OS တွေလည်း အမြားအပြားရှိနေပါသေးတယ်။ Linux OS တွေ, Apple ကုမ္ပဏီက ထုတ်တဲ့ Mac OSX Series တွေ Oracleကထုတ်တဲ့ Solaris OS တွေ စသဖြင့် အမြားအပြား ရှိနေပါသေးတယ်။
OS တွေကို အခြေခံအားဖြင့် Desktop Operating System (DOS) နဲ့ Network Operating System (NOS) ဆိုပြီး ၂ မျိုး ခွဲခြားနိုင်ပါတယ်။ DOS တွေကို ရုံးပိုင်းဆိုင်ရာ အလုပ်တွေကိစ္စတွေ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဥပမာ စာစီစာရိုက်ခြင်း ဂိမ်းကစားခြင်း သီချင်းနားထောင်ခြင်း နဲ့ Internet အသုံးပြုခြင်းတို့ ဖြစ်ကြပါတယ်။ NOS ကိုတော့ NETWORK အတွက်ပဲ အသုံးပြုကြပါတယ်။ ဥပမာ Network ချိတ်ဆက်ခြင်း Server ထောင်ခြင်း စသည်တို့ ဖြစ်ပါတယ်။ NOS တွေထဲမှာ အသုံးများတဲ့ OS တွေကတော့ Microsoft ထဲကဆိုရင် Windows Sever 2003, 2008, 2012 Linux ထဲကဆိုရင် Red Hat, Fedora, Suse Enterprise, Derbium စသည်တို့ ဖြစ်ပါတယ်။
Kali Linux ဆိုတာကတော့ အထက်ကပြောခဲ့တဲ့ အမျိုးအစား ၂ မျိုးလုံးနဲ့ လားလားမှ မပါတ်သက်တဲ့ ထူးခြားတဲ့ OS တခုပါ။ Kaliဟာ စာစီ စာရိုက်သမားတွေ၊ Computer Technician တွေ၊ Network Engineer တွေအတွက် မဟုတ်ဘဲ၊ Hacker တွေ၊ Penetration Tester တွေ၊ Security သမားတွေ အတွက် အထူးပြု ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

No comments:
Post a Comment
Something Say