CPE ဖြင့် Wifi လွှင့်နည်း



ဖိုရမ်ထဲမှာ CPE လွှင့်နည်းကို အတော်များများက မေးထားတာတွေ့လို့ကျွန်တော့် ရဲ့ အတွေ့အကြုံလေးကို သိသလောက် တင်ပြလိုက်ပါတယ်။

ပထမဉီးစွာ ဝန်ခံလိုတာကတော့ ကျွန်တော်ဟာ
ကွန်ပြူတာ ၊ အင်တာနက်နဲ့ပါတ်သက်ရင် အခြေခံကွန်ပြူတာ သင်တန်းလောက်ပဲ တက်ဘူး တဲ့ အတွက်
ကျွန်တော့် ရဲ့ ပို့စ်မှာ လိုအပ်ချက်၊ အားနည်းချက်များရှိရင် ပညာရှင်များမှ ထောက်ပြ​ဝေဖန်ပေးပါလို့
မေတ္တာရပ်ခံအပ်ပါတယ်။
ပထမဆုံးစဉ်းစားရမှာကတော့ လွှင့်ချင်တဲ့ အကွာအဝေး ပါ။ ကိုယ်က တစ်မိုင်ပတ်လည်လောက်ပဲအများဆုံး လွှင့်ချင်တယ်ဆိုရင် CPE တစ်လုံး ဝယ်ပြီး သူ့ကို Omni directional antenna တစ်ချောင်း(မီးချောင်းလိုမျိုး) ဝယ်ပြီးတော့ အဲဒီနှစ်ခုကို ကြိုးနဲ့တွဲပါ။ CPE , အင်တင်နာနဲ့ကြိုးတွေကို ဆိပ်ကမ်းသာလမ်းမှာ တစ်နေရာတည်း ဝယ်လို့ရပါတယ်။ တကယ်လို့ တစ်မိုင်ထက်ဝေးပြီးလေးငါးမိုင်လွှင့်ချင်တာ ဆိုရင်တော့ CPE သက်သက်ပဲဝယ်ပါ။ အိုမီနီ အင်တင်နာ
မဝယ်ပါနဲ့။ လားရာ တစ်ဘက်ပဲ လွှင့်မယ်ဆိုရင် လွှင့်မယ်ဘက်က CPE တစ်လုံး၊ ဖမ်းမယ့်ဘက်က တစ်လုံးပေါ့။
အရပ်လေးမျက်နှာလွှင့်ချင်ရင်တော့ CPE လေးလုံးဝယ်ရပါမယ်။ တိုင်ထောင်ရမယ့်အနေအထားကတော့ ဝေးဝေးလွှင့်မယ်ဆိုရင် အကာအကွယ်တွေ(တိုက်တွေ၊သစ်ပင်တွေ) လွတ်အောင် ထောင်ရပါမယ်။ CPE နဲ့ ကိုယ့်ရဲ့ပင်မ Router
ကိုတော့ CAT 6 အမျိုးအစားကြိုးနဲ့တွဲပါ။ တိုင်မြင့်လို့မိုးကြိုးလွှဲ ထည့်မယ်ဆိုရင် CPE မှာ ကြိုးထည့်ဖို့
တစ်ခါတည်းပါ ပါ တယ်။ အဲဒီမှာ သင့်တော်မယ့် ကြိုးနဲ့ မြေကြီးအထိ ဆွဲလို့ရပါတယ်။ တိုင်မြင့်ရင်တော့ မလှုပ်အောင် သံကြိုးတွေနဲ့ ဆိုင်းဖို့လိုပါမယ်။ ဒါက ပစ္စည်းတွေ ဆင်ရမယ့် ပုံစံပါ။
ပစ္စည်းတွေဆင်ပြီးရင် လွှင့်မယ့် ဘက်ကို Configure လုပ်ပါမယ်။ များသောအားဖြင့် အင်တာနက်
ဆင်ပြီးရင် Router တွေ ရှိတတ်ပါတယ်။ Router ရှိလို့ ကိုယ့်ဆီက ခွဲပေးမယ့် သူကို Router ကနေ အိုင်ပီ ပေးမယ်ဆိုရင် ကိုယ်လွှင့်မယ့် CPE ကို AP mood ပဲ ရွေးပေးပါ။ သူ့ကို လွှင့်ဖို့သက်သက်ပဲ
သုံးမယ်ပေါ့။ အိုင်ပီကို ပင်မ Routerကနေ ပေးမယ်။ ပထမဆုံး Local Area Connection properties မှာ
အိုင်ပီကို 192.168.1.100 လို့ပေးပြီး Subnet mask ကို 255.255.255.0 လို့ပေးပြီး Browser
မှာတော့ 192.168.1.254 လို့ရိုက်ပြီး router configure page ကို ၀င်ပါ။( ဒါကတော့ TP Link CPEနဲ့
လုပ်တာပါ၊တစ်ခြား တံဆိပ်ဆိုရင်တော့ ဘူးခွံမှာကြည့်ပါ) ၊ User Name, password ကို admin လို့ ရိုက်
ဝင်ပါ။ Quick setup ကိုနှိပ် AP ကိုရွေး၊ next-save ဒါဆို အကြမ်းဖျင်းအားဖြင့် လွှင့်ဖို့အတွက်
ပြီးပါပြီ။ Security အတွက် ပါ့စ် ခံမယ်ဆိုရင်တော့ wireless security ကို ရွေးပြီး wpa2/psk ကို ရွေးပါ။
ဆက်လက်ပြီးတော့ repeater mood တွေနဲ့ဖမ်းတော့ ကြုံခဲ့ရတဲ့ အခက်အခဲကို share လုပ်ချင်ပါတယ်။ အထက်မှာ ကျွန်တော်ရေးခဲ့တာက ရိုးရိုး AP ကနေ လွှင့်တာကို AP Client router mood နဲ့ဖမ်းသုံးတာပါ။ တစ်ခါတော့ ကျွန်တော်က ရိုးရိုး AP ကနေ လွှင့်တာကို AP (repeater mood) နဲ့ဖမ်း
ပြီး ဖမ်းတဲ့လူလည်း သုံး သူ့ပတ်ဝန်းကျင်က သုံးချင်တဲ့လူတွေကလည်း လက်တော့လောက်၊ usb wireless adapter
လောက်နဲ့ပြန်ဖမ်းသုံးလို့ရတော့ CPE တိုင်ထောင်စရာမလိုတော့ပါဘူး။ wifi hospot တွေ၊ ဟိုတယ်တွေ
အတော်များများကတော့ AP (repeater mood) နဲ့ AP (repeater ) တွေအများအပြား လုပ်ထားကြတာပါ။ အဲလို repeater တွေ လုပ်မယ်ဆိုရင် ပင်မ လွှင့်တဲ့ AP မှာ security password ခံထားလို့မရပါဘူး။ security အတွက် MAC Filtering နဲ့ လုပ်လို့ရသလို ကိုယ်ပေးမယ့်လူ တွေရဲ့ စက်တွေကိုပဲ အိုင်ပီ ကျအောင် Address reservation နဲ့ ပေးထားလို့ရပါတယ်။ ကျွန်တော်ကတော့ နှစ်ခုလုံး လုပ်ထားတယ်။ wifi hotspot ကျတော့ username,password ဆိုတော့ မရှိတဲ့လူ သုံးလို့မရဘူး။
ပထမ ရိုးရိုးလွှင့်၊ ရိုးရိုးဖမ်းတုန်းက ကျွန်တော် လွှင့်တဲ့ channel အကြောင်းမပြောခဲ့
ပါဘူး။ automatic ပဲထားခဲ့တာပါ။ အခု repeater တွေထားတော့မယ်ဆိုရင် channel ကို အော်တို
ထားလို့အဆင်မပြေပါဘူး၊ ဒါကို နားမလည်ပဲ အော်တို တွေထားလို့ကျွန်တော် ဒုက္ခ ရောက်ခဲ့တာပါ။
အဲဒီတော့ ပင်မ AP နဲ့ repeater တွေကြားမှာ channel တွေထပ်နေပြီး လိုင်းတွေနှေးကုန်တာပါ။SSID ကလည်း အတူတူထားတော့ channel တူမှ ရပါမယ်။ ဒါ့ကြောင့် ပင်မ AP channel ကို 6 လို့ရွေးခဲ့ရင်
repeater တွေအားလုံးရဲ့ ချန်နယ်တွေကိုလည်း 6 ပဲ ထားပေးရပါမယ်။ နောက်တစ်ခုက ကိုယ်လွှင့်တဲ့ အနီးအနားမှာ တစ်ခြား လွှင့်တဲ့ ချန်နယ်တွေနဲ့နီးနီးကပ်ကပ် ရှိရင်လည်း လိုင်း နှေးပါတယ်။
အနည်းဆုံး ချန်နယ် သုံးခု ခွာရမယ်လို့ သိရပါတယ်။ ကိုယ့် CPE နဲ့ အနီးပတ်ဝန်းကျင်ကို ရှာကြည့်ရင်
သူများ တွေ ရဲ့ SSID , Channel တွေ တွေ့နိုင်ပါတယ်။ signal ကောင်းတဲ့ တစ်ခြား လိုင်းတွေရဲ့ ချန်နယ်
နဲ့ ကိုယ့် ချန်နယ်က တူနေရင် ၊ ကပ်နေရင် မကောင်းပါဘူး၊ ကျွန်တော် တွေ့မိသလောက် အများဆုံးက
1,6,11 တွေ ပါ။ အဲဒါတွေနဲ့မတူအောင် ပေးပါ။ ကျွန်တော် ဒုက္ခရောက်တဲ့ အကြောင်းကို ဆက်ရရင်
ကျွန်တော်အဓိက လွှင့်တဲ့နေရာမှာ အေပီနှစ်ခု ရှိပါတယ်။ AP 1 , AP 2 ဆိုပါတော့။ တစ်ခုစီမှာ Client ငါးလုံး ၊ ခြောက်လုံးစီရှိပါတယ်။ စစချင်း လုပ်တုန်းကိုတော့ ကိုယ်က ရိုးရိုးလွှင့်၊ သူတို့ဆီကနေ တစ်ခု ချင်း ရိုးရိုး ဖမ်းဆိုတော့ အဆင်ပြေတယ်။ နောက်တော့ AP 2 ကို ပါ့စ် ဖြုတ်ပြီး သူ့ဆီကနေ ယူထားတဲ့ လူတွေရဲ့ CPE တွေကို repeater mood တွေနဲ့ ပြောင်းဖမ်းပေးလိုက်တယ်။ ကျွန်တော့် ဝိုင်ဖိုင်ကတော့
အဲဒီပတ်ဝင်းကျင်တွေမှာ လက်တော့နဲ့ အလွယ်တကူ ဖမ်းလို့ရတာပေါ့။ အဲဒီနည်းနဲ့ သုံးတဲ့သူ သုံးလေးဉီး တိုးလာတယ်။ ဒါပေမယ့် အခုန ချန်နယ်ကို အော်တိုပဲထားခဲ့တော့ လိုင်း အမြန်နှုန်းက ထက်ဝက်လောက်
ကျသွားတယ်။ မနက်ပိုင်း စောစော ဘယ်သူမှ မသုံးခင်စမ်းတာမှာ AP 1 က ၅၁၂ အပြည့်ရှိရင် AP 2
က ၃၀၀ လောက်ပဲရှိတယ်။ လိုင်း နည်းနည်းကျတဲ့ အချိန် ကျတော့ AP 1 ယူထားတဲ့လူတွေ သုံးလို့
ရပေမယ့် AP 2 ယူထားတဲ့လူတွေ သုံးလို့မရတော့ဘူး။ ပြသနာကို မသိတော့ လွှင့်တဲ့ CPE ကိုလဲ၊ ကြိုးတွေလဲ၊ ဘယ်လို လုပ်လုပ် အဆင်မပြေဘူး။ နောက်ဆုံးမေးရင်းမြန်းရင်း စလုံးမှာ လုပ်နေတဲ့
အစ်ကို တစ်ယောက်က အကြံပေးတော့မှ ဒီ ချန်နယ်ပြသနာ ကြောင့်ဆိုတာ သိရတယ်။
ဒါ့ကြောင့် AP repeater mood နဲ့လွှင့်မယ်ဆိုရင် ချန်နယ်ကို ဂရုစိုက်ဖို့လိုပါတယ်။

ဖမ်းမယ့်ဘက်က CPE ကိုလည်း အခုန လွှင့်တဲ့ CPEလိုပဲ configuration page ကို ဝင်လိုက်ပါ။
သူ့ကိုတော့ network-Lan ကနေ IP address အရင် ချိန်းလိုက်ပါ။ 192.168. ပြီးရင် နောက်ကတော့
ကိုယ်ကြိုက်တာ သာ ထား။ Save လုပ်ပြီးရင် အိုင်ပီ အသစ်နဲ့ ဝင်ဖို့ Prompt လုပ်ရင် အိုင်ပီ အသစ်နဲ့ ဝင်ပါ။ Quick set up- AP client router mood ကိုရွေးပါ။ နောက် Servey ကိုနှိပ်ပြီး ကိုယ် AP မှာ ထည့်ခဲ့တဲ့ SSID ကို ရှာပါ။ Signal က အနည်းဆုံး 10 db ရှိရပါမယ်။ မရှိရင်တော့ Antenna Alignment ကို နှိပ်ပြီး အင်တင်နာ CPE ကို လှည့်ချိန်ပါ။ အနည်းဆုံး 10 db ရပြီဆိုရင် Save ကို နှိပ်ပါ။ ပြီးတော့ Wireless security အောက်က wpa2/psk ကို ရွေးပြီး AP မှာ ကိုယ်ထည့်ခဲ့တဲ့
ပါ့်စ်ကို ထည့်ပါ။ 'ဒါဆိုရင် ဖမ်းလို့ရပါပြီ။ တကယ်လို့ Signal က 10 db အောက်ကို ရောက်နေရင်တော့
ဖမ်းတဲ့ တိုင်ကို ထပ်မြှင့်ဖို့လိုပါမယ်။ ဒါဆိုရင် အခြေခံအားဖြင့် CPE နဲ့ လွှင့်ပြီး CPE နဲ့ ဖမ်းတာ
တော့ ရပါပြီ။ နောက် ကိုယ့် ဝါယာလက်ကို Security လုပ်ဖို့နဲ့ ကိုယ်က ပေးထားတဲ့ User ကို
Security လုပ်ပြီး ထိန်းဖို့ ဆက်ရေးပါမယ်။

ကိုယ်လွှင့် ထားတဲ့ wifi ကို ကာကွယ်ဖို့က wpa2/psk password ခံထားရင် အကြမ်းဖျင်းအားဖြင့် လုံလောက် ပြီလို့ ဆိုနိုင်ပါတယ်။ ဒါကလည်း ဟက်မယ်ဆိုရင် ဟက်လို့ရတဲ့ အတွက် ပိုပြီးလုံခြုံအောင်
ကိုယ်လွှင့်တဲ့ router ထဲမှာ Mac address filtering လုပ်ထားရင် ပါ့စ် ကို ဟက်လို့ ရရင်တောင်
သုံးလို့ မရတော့ပါဘူး။ ကိုယ့် router ထဲကို ၀င်လို့မရအောင်တော့ router password ကို
မမေ့မလျှော့ ပြောင်းထားဖို့လိုပါတယ်။ တစ်ချို့က မပြောင်းပဲထားတဲ့ အတွက် router ထဲကို အလွယ်တကူ
ဝင်လို့ရတာ ကြုံဘူးပါတယ်။ Mac address filtering လုပ်တာကတော့ Network ဆရာတွေ၊ လက် တွေ့လုပ်နေတဲ့ လူတွေအတွက်လွယ်ပါတယ်။ ဒါပေမယ့် ဒီပို့ရဲ့ရည်ရွယ်ချက်ကိုက ကျွန်တော့်လို
သင်တန်းမတက်နိုင်တဲ့လူတွေ၊ စ လေ့လာတဲ့လူတွေ အတွက် ရေးတာ ဖြစ်တဲ့ အတွက် သိပြီးသားသူများ
သည်းခံပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်က တော့ TP Link router သုံးထားတာဆိုတော့ အဲဒီ
Setting တွေ အတိုင်း သွားပါမယ်။ ပထမဆုံး ကိုယ်ပေးထားတဲ့ CPE ရဲ့ Mac address ကို အရင်ယူထားပါ။ အဲဒီ CPE ရဲ့ Wan Mac address ကို ယူရမှာပါ။ နောက် ကိုယ့် Router ထဲက Security - enable firewall ကို အမှန်ခြစ်ပေးပါ။ enable mac address filtering ကို အမှန်ခြစ်ပေးပါ။ Allow these pcs ကို ရွေးပေးပါ။ နောက် Security အောက်က Mac filtering ကို ကလစ်ပါ။ Add New ကို နှိပ်ပါ။ အခုနယူထားတဲ့ Mac address ကိုထည့်ပါ။ Description မှာတော့ ယူထားတဲ့လူနံမည်ပေါ့။
Save လုပ်လိုက်ရင် ရပါပြီ။ ဒါဆိုရင် ကိုယ့်ရဲ့ ဝိုင်ဖိုင်ကို ကာကွယ်ပြီးသားဖြစ်သွားပါပြီ။

ဆက်လက်ပြီးတော့ ကိုယ်ပေးထားတဲ့ user ကို တစ်လုံးထက်ပိုသုံးလို့မရအောင် ထိန်းကြည့်ပါမယ်။
ဒါကလည်း အခုန ဝိုင်ဖိုင်ကို MAC နဲ့ကာကွယ်သလိုပါပဲ။ သူ့ရဲ့ CPE ကို သူ့ကွန်ပြူတာကနေ ဝင်လိုက်ပါ။
ဘယ်ဘက်က Ip and mac binding အောက်က ARP list မှာ ကွန်ပြူတာရဲ့ MAC Address ကို ကော်ပီယူ
လိုက်ပါ။ ပြီးတော့ Security - enable firewall ကို အမှန်ခြစ်ပေးပါ။ enable mac address filtering ကို အမှန်ခြစ်ပေးပါ။ Allow these pcs ကို ရွေးပေးပါ။ နောက် Security အောက်က Mac filtering ကို ကလစ်ပါ။ Add New ကို နှိပ်ပါ။ အခုနယူထားတဲ့ Mac address ကို paste လုပ်ပြီး Save လုပ်ရင် ပြီးပါပြီ။ ဒါဆို သူသုံးတဲ့ ကွန်ပြူတာ တစ်လုံးပဲ သုံးလို့ရပါမယ်။ ကွန်ပြူတာခွဲသုံးဖို့၊ router ထည့်သုံးဖို့
မရပါဘူး။ တစ်ခု ရှိတာက နည်းပညာခေတ်မှာတော့ ဘယ်လိုပဲ လုပ်လုပ် ဟာကွက်ဆိုတာတော့ ရှိစမြဲပါပဲ။
ခွဲသုံးမယ်ဆိုရင် ရနိုင်ပါတယ်။ အလွယ်နည်းကတော့ ကိုယ့်ကွန်ပြူတာက desktop ဆိုရင် NIC တစ်ကတ်
ထပ်စိုက်ပြီး ICS နဲ့ ခွဲလိုက်ရင် ရပါတယ်။ ဒီတော့ တစ်ချို့ ဆာဗာ ထိုင်ပြီး user များများပေးထားတဲ့ လူတွေက ဆော့ဝဲနဲ့ Bandwidth control လုပ်ပေးကြပါတယ်။ အဲဒါကျတော့ လိုင်းက မကောင်းရတဲ့ အထဲ
ပေးထားသလောက်ပဲ user က ရမှာဆိုတော့ လိုင်းကျရင်ကျတဲ့ ဒဏ်ခံရမယ်။ လိုင်းကောင်းတော့ ကောင်းသလောက် သုံးခွင့်မရဘူး။ဆိုတော့ တစ်ချို့စိတ်ညစ်ပြီး ပြန်ဖြုတ်ကြတာလည်း ရှိပါတယ်။
ကျွန်တော်ကတော့ ရိုးရိုး router နဲ့ပဲ ပေးထားတယ်။ အသုံးများတဲ့ အချိန် ဒေါင်းလော့ မဆွဲဖို့ မေတ္တာရပ်
ခံထားတယ်။ တစ်ကယ်ဒေါင်းတဲ့လူတွေကျတော့ router ထဲက Qas ကိုသွားပြီး သူ့ IP ကို နည်းနည်း
Bandwidth control လုပ်ရတာပေါ့။

Mac filtering လုပ်တယ်ဆိုတာက တစ်ခြား မသိတဲ့ သူတွေသုံးလို့ မရအောင် လုပ်တာပါ။ ဖမ်းတဲ့ mood က AP Client router mood နဲ့ပဲ ဖမ်းရမှာပါ။ ဖမ်းတဲ့ CPE ရဲ့ Wan Mac address ကို ယူပါ။ ဖမ်းတဲ့ CPE ရဲ့ ပင်မ စာမျက်နှာမှာ ကြည့် ရင် Wan Mac address ဆိုပြီးပါ ပါတယ်။ Lan mac address နဲ့ နောက်ဆုံး တစ်လုံးကွာပါတယ်။ အဲဒီနှစ်ခု မမှားပါစေနဲ့။ Mac address က တစ်လုံး မတူရင်လည်း မရပါဘူး။ အဲဒီ Wan Mac address ကို လွှင့်တဲ့ router (or) CPE က Mac address filtering မှာ သွားထည့်ပါ။ ဒါဆို ဖမ်းလို့ရပါတယ်။ ဖမ်းတဲ့ CPE မှာ Lan Ip က ပြောင်းလိုက်ပေါ့။ ဉပမာ
192.168.1.253 ပေါ့။ save လုပ်လိုက်ရင် အိုင်ပီ အသစ်နဲ့ ဝင်ဖို့ပြောရင် ဝင်လိုက်ပါ။ Wan Mac address ကတော့ လွှင့် တဲ့ ဆီက DHCP enable လုပ်ထားရင် သူ့ဟာသူ အိုင်ပီကျပါလိမ့်မယ်။ လုပ်ကြည့်ပါ။ အဆင်မပြေသေးရင် ထပ်မေးပေါ့။အသေးစိတ် သိသလောက် ရေးပေးပါ့မယ်။
မေးရင်တော့ မြန်မာ(ဒါမှမဟုတ်) english စစ်စစ်နဲ့ မေးပေးပါ။ MZ မှာ Myanenglish or burglish
နဲ့ မရေးဖို့ စည်းကမ်းရှိလို့ပါ။ ယူနီကုတ်ကလည်း လွယ်ပါတယ်။
( CREDIT TO MINCHIT-MYSTERY ZILLION FEB-2012)

6 comments:

  1. cpe နှစ်လုံးနဲ့လွှင့်ထားတာကို cpe တစ်လုံးတည်းနဲ့ပြန်ဖမ်းခြင်ပါတယ်
    ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးစေချင်ပါတယ်

    ReplyDelete
  2. Thanks for your post.
    Please, I would like to know how to configure for point to point connection using with tl-7510n 5GHz cpe.
    To transmit and receive?

    ReplyDelete
  3. ကျွန်တော်က cpe တစ်လုံးနဲ့လွှင့်ပြီး cpe လေးလုံးနဲ့ပြန်ဖမ်းထားပါတယ် လွှင့်တဲ့ဘက်က Ap mood နဲ့ပါ
    ဖမ်းတဲ့ဘက်ကတော့ Ap client moodနဲ့ပါ သုံးလို့အဆင်မပြေပါဘူး လိုင်းတွေကျပါတယ် အဲဒါကြောင့် အကို
    ပြောတဲ့ Channal ပြသနာကြောင့် လား ဆိုတာသိခြင်ပါတယ်
    ကျွန်တောက Channal ကို Auto မှာ ထားတာပါ ဘယ်လိုပြသနာကြောင့်လဲဆိုတာ ကျေးဇူးပြုပြီး ကူညီပေးပါခင်ဗျာ

    ReplyDelete
  4. ကှန်တော် cpe to cpe လုပ်တာအဆငါမပြေဘူး ကျေးဇူးပြုပီးကူညီပေးပါခင်ဗျား

    ReplyDelete
  5. တစ်ခုမေးချင်လို့ပါ

    ReplyDelete
  6. Cpe tplink.wa7210n နဲ့ wifi ကို ဘယ်​လိုဖမ်းရမလည်း ​ပြော​ပေးပါလားခင်​ဗျာ

    ReplyDelete

Something Say