Flash Banner လေး လုပ်ကြမလား ?

မိမိ ဆိုဒ်ကို Flash Banner လေးနဲ့ အလှဆင်ချင်တယ်ဆိုရင်
ဒါလေးကို အရင် Down လိုက်ပါ။ photo slideshow လည်း လုပ်လို့ရပါတယ်။ full version လေးပါ။
water mark မပါ ပါဘူး။ swf ဖိုင်နဲ့ save ပါ။ GIF က ဖိုင်ဆိုဒ်ပိုကြီးလို့ပါ။ effect နှစ်ခု နဲ့ Animation (Transition) နှစ်မျိုးလောက်သုံးတာတောင် swf ဖိုင်တစ်ခုကို 30 kb လောက်ပဲရှိပါတယ်။ တစ်မျိုးစီလောက်ပဲ သုံးရင် 15 kb လောက်ပဲရှိတယ်။
စာကြောင်း တစ်မျိုးထက် ပိုသုံးချင်ရင် ပထမတစ်ခုကို save ပြီးမှ swf file ကို   ပြန်ပြီး   add ရပါတယ်။ နှစ်ခုလုံး တစ်ပြိုင်ထဲ ရိုက်ရင် အရောင်မတူအောင် ပြောင်းလို့ မရပါဘူး။ Animation လည်း အတူတူပဲဖြစ်နေပါတယ်။
စာကြောင်းတွေကို edit လုပ်ချင်ရင် select လုပ်ပြီးမှ edit button ကို နှိပ်ပါ။(မြန်မာလိုလည်း ရတယ်နော်။ ကိုယ့်စက်မှာတော့ သုံးချင်တဲ့ font ရှိရမှာပေါ့။ Background effect ၅၀ လောက် နဲ့ Text Animation ၅၀ လောက် ပါပါတယ်။ကိုယ့်ရဲ့ ဖိုင်ကို file Hosting တစ်ခုခုမှာတင်ပြီး link ယူပါ၊ Link ယူရင် swf ရဲ့ နောက်က စာသားတွေ မယူရပါဘူး။
နမူနာစမ်းကြည့်ဖို့ ကုဒ်လေးထည့်ပေးလိုက်ပါတယ်
html / javascript အသစ်တောင်းပြီး ထည့်ပါ။ ဖိုင်ဆိုဒ်မကြီးအောင် စလုပ်စဉ်ကတည်းက ဧရိယာကို လျှော့ယူထားပါ။ ကုဒ်ထည့်တော့မှ လိုချင်သလောက်ပြန်ယူလို့ ရပါတယ်။(Background အသံလည်းထည့်လို့ရသေးတယ်။ ဖိုင်ဆိုဒ်တော့ ပိုကြီးသွားတာပေါ့။)

No comments:

Post a Comment

Something Say